မြောက်ဥက္ကလာပမြိုနယ် တွင် အမျိုးသမီးတစ်ဦး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသေဆုံး

Author တံခွန်
Categories
Published on Sep 13, 2022

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာမြို့နယ် မြရတနာ ၉လမ်းနေ အသက်၅၆နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ယနေ့မနက်ပိုင်းက နေအိမ်၌ မိမိကိုယ်ကို ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူအမျိုးသမီးမှာ ဒေါမြင့်မြင့်စမ်းဖြစ်ပြီး နေအိမ်အောက်ထပ် ထုတ်တန်းအနီးတွင် ယောဂီသဘက်အညိုရောင်ဖြင့် ဆွဲကြိုးချ သေဆုံးနေခြင်းဖြစ်သည်။

“ဒီ နိုင်ငံရေးအခြေနေတွေနဲ့ စီးပွားရေးတွေ အဆင်မပြေ စီးပွားရေး အဆင်မပြေတော့ မိသားစုတွေကြားထဲမှာ အဆင်မပြေကြဘူး ကုန်စျေးနှုန်းတွေကလည်း စွတ်တက်နေတော့ အခြေခံ လူတန်းစားတွေမှာ တော်တော်ကျပ်တည်းကြတာ ဒါကိုပဲထွက်ပေါက်အနေနဲ့ လုပ်ကြတာတွေ ဖြစ်လာတယ်ဗျာ”ဟု ပြည်သူတစ်ဦး က ပြောကြားသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား မြောက်ဥက္ကလာဆေးရုံသို ပိုဆောင်ထားသည်ဟု သိရှိရသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေး အခက်အခဲ များနှင့် မိသားစုအကြပ်တည်းများ ၊ကုန်စျေးနှုန်း များ အဆမတန် မြင့်မားလာမှုများကြောင့် မိမိကိုယ်ကို အဆုံးစီရင်မှုများ တိုးလာပြီး အများစုမှာ အခြေခံ လူတန်းစားများ ဖြစ်သည်။

ရန်ကုန်တိုင်းတွင် သြဂုတ်လ၂၉ရက်နေ့ကလည်း လူတစ်ဦး အင်းယားကန်ပေါင်မှ ရေထဲ ခုန်ချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပြီး သြဂုတ် လ ၂၈ရက်နေ့တွင်လည်း အသက်၅၀အရွယ်ရှိ အမျိုးသားတစ်ဦး ကမ္ဘာအေးလူကူး ကုန်းကျော်တံတား ပေါမှ ခုန်ချပြီး အဆုံးစီရင်ရန်ကြိုးစားမှု ဖြစ်ပွားခဲ့သေးသည်။

 

Related News

Depend on news