ဘာသာရေးနှင့် အမျိုးသားရေး အစွန်းရောက် ပြောကြားသူ ဘူးလက်လှဆွေ ကြံ့ဖွံ့ ပါတီ နေပြည်တော် ဥက္ကဌဖြစ်လာ

ဘာသာရေး နှင့် အမျိုးသားရေး အစွန်းရာက် ပြောကြားသူ ဘူးလက်လှဆွေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့) နေပြည်တော် ဥက္ကဌဖြစ်လာကြောင်းသိရသည်။
ယခင် နေပြည်တော်နယ်မြေ၏ ကြံ့ဖွံ့ပါတီ ဥက္ကဌနေရာကို ဦးမြင့်လှိုင်က တာ၀န်ယူထားခြင်းဖြစ်ပြီး၊ လက်ရှိတွင် ဘူးလက်လှဆွေအား ပြောင်းလဲတာ၀န်ပေးခဲ့ခြင်းဖြစ်သည်။
ကြံ့ဖွံ့ပါတီ၏ တတိယအကြိမ် ညီလာခံတွင် ဦးမြင့်လှိုင်အား တောင်သူလယ်သမားရေးရာ တာ၀န်ခံအဖြစ် တာ၀န်ပေးအပ်သည့်အတွက် နေပြည်တော်ကောင်စီနယ်မြေ ကြံ့ဖွံ့ပါတီဥက္ကဌရာထူးအား ဦးမြင့်လှိုင်မှ ဘူးလက်လှဆွေသို့ လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။
ယခင် နေပြည်တော်ကောင်စီနယ်မြေ ကြံ့ဖွံ့ပါတီ ဥက္ကဌ ဦးမြင့်လှိုင်သည် နို၀င်ဘာ ၉ ရက်က ဒက္ခိဏသီရိမြို့တွင်၊ ကြံ့ဖွံ့ပါတီ၀င်များနှင့်တွေ့ဆုံရာ၌ ရာထူးလွှဲပြောင်းပေးအပ်ခဲ့ခြင်းကို ပါတီ၀င်များအားပြောကြားခဲ့ခြင်းဖြစ်သည်။
NLD အစိုးရလက်ထက်တွင် ဘူးလက်လှဆွေအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ၂ နှစ်နီးပါး တိမ်းရှောင်နေခဲ့ကာ ၂၀၂၀ ဒီဇင်ဘာ လတွင် လာရောက်အဖမ်းခံခဲ့သည်။
ထို့နောက် စစ်ကောင်စီက အာဏာသိမ်းပြီး နောက် ၂၀၂၁ ဖေဖော်ဝါရီ ၂၃ ရက်တွင် အာမခံဖြင့် ဘူးလက်လှဆွေကို လွှတ်ပေးခဲ့ပြီး၊ မေ ၁၁ ရက်တွင် အမှုကိုပိတ်သိမ်းပေးခဲ့သည်။
ဘူးလက်လှဆွေသည် ကြံ့ဖွံ့ပါတီ၏ အမတ်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အမျိုးသားရေးအစွန်းရောက်ဟောပြောမှုများနှင့် ဘာသာရေးအစွန်းရောက်ဟောပြောမှုများ မကြာခဏပြုလုပ်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
စစ်ကောင်စီသည် တိုင်းပြည်အာဏာကို မတရားသိမ်းယူပြီးနောက် လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်များ၏ တရားစွဲဆိုထားမှုများကို အမှုရုတ်သိမ်းပေးခဲ့သည်။
ဓာတ်ပုံ- ပေးပို့
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform