ဗိုလ်ကြီး လွှတ်လိုက်သည်ဟု ပြောသည့် သေနတ်သမားများကိုယုံ၍ တံခါးဖွင့်ပေးသည့် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခံရ

Author ကိုပေါက်
Categories
Published on Nov 02, 2022

မြင်းခြံမြို့နယ် ဆူးဖြူကန်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၂ရက်နေ့ မနက် ၁၁နာရီခန့်က အမည်မသိ အမျိုးသားသုံးဦးမှ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူအား ၎င်းနေအိမ်အတွင်းမှာပင် သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အုပ်ချုပ်ရေးမှူးက တော်ရုံလူဆို အိမ်ထဲပေးမဝင်ဘူး စစ်တပ်ကလို့ ပြောလို့တံခါးဖွင့်လိုက်တာ ဗိုလ်ကြီးက လွှတ်လိုက်တယ်ဆိုတော့ အေး လာကြ ဆိုပြီး တံခါးဖွင့်ပေးတဲ့အချိန် အပစ်ခံရတာလို့ အနားဝန်းကျင်က လူတွေကပြောတယ်”ဟု ရှင်းပြသည်။

ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဆူးဖြူကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“သူကလည်း စစ်တပ်ကဆိုတော့ ဖွင့်ပေးလိုက်တာ အဲ့မှာတင်ဝိုင်းပြီး ပစ်သွားတာ ပွဲချင်းပြီးသေတယ် အခုအလောင်းကို ဆေးရုံမှာပို့ထားတယ် စစ်တပ်ကတော့ စစ်ဆေးနေတယ် “ဟု ရှင်းပြသည်။

ပစ်ခတ်မှုဖြစ်စဉ်နှင့် ပက်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကိုမူ သီးခြားသတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။

Related News

Depend on news