ဖားကန့်တွင် ရေမဆေးကျောက်ရှာသူတစ်ဦး မြေစာပိ သေဆုံး

Author ခွန်စစ်နိုင်
Categories
Published on Oct 06, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ သာယာကုန်းကမ်းပါးတွင် မြေစာယက်ကျောက်ရှာရာမှ အမျိုးသားတစ်ဦး မြေစာပိသေဆုံးမှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ‌ယင်းဒေသခံတစ်ဦးက ပြောကြားသည်။

လုံးခင်းကျေးရွာအုပ်စုရှိ ဖြူစင်ကုန်းကျေးရွာမှ ရေမဆေးကျောက်ရှာသူ အမျိုးသား မြေစာပိချိန်တွင် အနီးရှိ ရေမဆေးကျောက်ရှာသူများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းရှာဖွေကြရာ အသက်ရှင်လျက်ပြန်တွေ့ရသော်လည်း ဆေးရုံသို့ ရောက်ရှိချိန်တွင် ၎င်းရရှိထားခဲ့သည့် ထိခိုက်ဒဏ်ရာကြောင့် သေဆုံးသွားကြောင်း သိရသည်။

ဖားကန့်တွင်နေထိုင်သူ သာမန်အခြေခံလူတန်းစားအများစုမှာ ရေမဆေးကျောက်ရှာခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပြီး ယင်းသို့ ရေမဆေးကျောက်ရှာစဥ်တွင် ကမ်းပါးခြေချော်ကျခြင်း၊ မြေစာပြိုကျခြင်း၊ နွံကန်ပေါက်ကျခြင်း စသည့်ဘေးအန္တရာယ်များ မကြာခဏဆိုသကဲ့သို့ ကြုံတွေ့ရတတ်ပြီး မကြာခဏ အသက်ဆုံးရှုံးများလည်းဖြစ်ပေါ်နေသည်။

Related News

Depend on news