နျူစွမ်းအင်သုံး ဒုံးကျည်ကို စမ်းသပ်ခဲ့ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အဏုမြူစမ်းသပ်မှုကို ဖျက်သိမ်းနိုင်ပြီဟု ပူတင်ဆို

Author လင်းနွေဦး
Categories
Published on Oct 06, 2023

ရုရှား အနေဖြင့် လေ့လာနေဆဲဖြစ်သော နျူစွမ်းအင်သုံး ဒုံးကျည်တစ်ခုကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီး နိုင်ငံပါလီမန်၏ နျူကလီးယားစမ်းသပ်မှုများကို တားမြစ်သော သဘောတူစာချုပ်၏ အတည်ပြုချက်ကို ရုပ်သိမ်းနိုင်ပြီဟု ရုရှားသမ္မတ ပူတင်က ပြီးခဲ့တဲ့ ကြာသပတေးနေ့ အောက်တိုဘာ ၅ ရက်တွင် ပြောကြားသည်။

၎င်းက Sochi(ဆိုချီ)ပြည်နယ်ရှိ Black sea resort(ပင်လယ်နက် ကမ်းရိုးတန်း)ဧည့်ရိပ်သာ၌ ပြုလုပ်သော Valdai Discussion Club ၏ နှစ်ပတ်လည်အစည်းအဝေး၌ AP သတင်းဌာနက ဖော်ပြသည်။

နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူများတက်ရောက်သော အဆိုပါ ဖိုရမ်တွင် Burevestnik(ဗျူရီဗက်နစ်)ဒုံးကျည်နှင့် လေးလံပြီး တိုက်ကြီးမျာကြားအထိ ပစ်လွှတ်နိုင်သော ဒုံးကျည်များကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး ထုတ်လုပ်ရေးအဆင့်ထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပူတင်က ပြောကြားသည်။

“ကျွန်တော်တို့က‌ ဗျူရိုဗက်နက် နျူစွမ်းအင်သုံး ကမ္ဘာလုံးဆိုင်ရာသွားနိုင်တဲ့ ဒုံးကျည်ရဲ့ နောက်ဆုံးအောင်မြင်တဲ့အဆင့်ကို စမ်းသပ်နိုင်ခဲ့တယ်” ဟု အသေးစိတ်အားမဖော်ပြဘဲ ၎င်းက ပြောသည်။

ရုရှားဘာသာဖြစ်သည့် Burevestnik(ဗျူရိုဗက်နစ်)ကို ဆီလျော်အောင် ဘာသာပြန်ရမည်ဆိုလျှင်(မုန်တိုင်း ပင်လယ်စင်ရော်)ဟု အဓိပ္ပာယ်ရပြီး ယခုရုရှားခေါင်းဆောင် ပြောကြားချက်မှာလည်း ပထမဆုံး ၎င်း ဒုံးကျည်၏ အောင်မြင်မှုဖြစ်သည်ဟုသိရသည်။

အခြားသောရှာဖွေချက်များအရ(ဗျူရိုဗက်နစ်)မှာ The North Atlantic Treaty Organization(NATO) အဖွဲ့အစည်း၏ Skyfall ဟု အမည်ရသော ကုဒ်တစ်မျိုးဖြစ်ပြီး အနောက်နိုင်ငံတော်တော်များများမှလည်း နျူစွမ်းအင်သုံးစက်အင်ဂျင်မှာ စိတ်ချရမှုမရှိဟုဆိုကာ သံသယရှိခဲ့သော ပရောဂျက်တစ်ခုဟု သာ သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

ယခု ဗျူရိုဗက်နစ်သည် နျူကလီးယားထိပ်ဖူး သို့မဟုတ် သာမန်ဒုံးကျည်ထိပ်ဖူးကို သယ်ဆောင်နိုင်မည်ဟု ယုံကြည်ကြပြီး နျူစွမ်းအင်တွန်းအားကြောင့် အခြားသောဒုံးကျည်များထက် ကြာရှည်စွာပျံသန်းနိုင်ပြီး အကွာအဝေးလည်း ပိုမိုရောက်ရှိနိုင်သည့်အလားအလာရှိနေသည်။

ရုရှားခေါင်းဆောင်မှ ၂၀၁၈ ခုနှစ်အတွင်း ဗျူရိုဗက်နစ်ကို အကောင်အထည်ဖော်နေသည့်အကြောင်း ထုတ်ဖော်ပြောဆိုခဲ့စဉ်ကတည်းက ၎င်းသည် ဒုံးကျည်ကာကွယ်ရေးစနစ်များဖြင့် မသိရှိနိုင်ဘဲ ကမ္ဘာကို ပတ်နိုင်လောက်အောင်အထိ အကွာအဝေးအကန့်အသတ်မရှိဘဲ သွားနိုင်လိမ့်သည်ဟု အခိုင်အမာပြောဆိုခဲ့ခြင်းဖြစ်သည်။

စူးစမ်းလေ့လာသူများမှလည်း ယခု ဒုံးကျည်ကို သံသယရှိနေပြီး ၎င်းဒုံးကျည်မျိုးသည် ကိုင်တွယ်ရခက်ခဲကာ သဘာဝပတ်ဝန်းကျင်အပေါ် ပျက်စီးခြိမ်းခြောက်မှုမျိုးရှိလာမည်ဟု ငြင်းခုံပြောဆိုနေကြသည်။

အမေရိကန်နှင့် ဆိုဗီယက် ယူနီယံ(ရုရှား)တို့သည် စစ်အေးကာလအတွင်း နျူစွမ်းအင်သုံး ဒုံးအင်ဂျင်များကို ပြုလုပ်ရန် လုပ်ဆောင်ခဲ့ကြသော်လည်း တကယ်တမ်းတွင် များစွာသော အန္တရာယ်များနှင့် အရဲစွန့်ရသော ပရောဂျက်များဖြစ်သောကြောင့် ဘေးဖယ်ထားခဲ့ကြသည်ဟု AP သတင်းဌာနက ဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ယခုဗျူရိုဗက်နစ်ကို ရုရှားရေပိုင်နက် White Sea အတွင်း ပစ်လွှတ်စမ်းသပ်ခဲ့ဖူးပြီး ပစ်လွှတ်စဉ်က ပေါက်ကွဲမှုစွမ်းအားကြောင့် နျူကျွမ်းကျင် အင်ဂျင်နီယာ ၅ ယောက်နှင့် အလုပ်သမားနှစ်ယောက် သေဆုံးခဲ့ရပြီး ကျရောက်ပေါက်ကွဲသော ပင်လယ်အနီးရှိ မြို့တွင်လည်း ရေဒီယိုသတ္တိကြွမှုများရှိခဲ့သည်ဟု သတင်းပို့မှုများအရသိခဲ့ရသည်။

ထိုစဉ်က ရုရှား အာဏာပိုင်များက မည်သည့်လက်နက်ဒုံးအမျိုးအစားဟု မထုတ်ဖော်ခဲ့သော်လည်း အမေရိကန်ကမူ ဗျူရိုဗက်နစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပူတင်၏ ပြောကြားချက်တွင် အမေရိကန်မှ ၁၉၉၆ ပြည့်စုံသော နျူလက်နက်တားဆီးရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့သော်လည်း အတည်မပြုခဲ့ဘဲ ရုရှားမှသာ လက်မှတ်ထိုးအတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

တစ်ဆက်တည်းမှာပင် “ရှရှားမှ အမေရိကန်၏ သဘောထားအပေါ် ရောင်ပြန်ဟပ်စေမည်ဖြစ်ပြီး သီအိုရီသဘောတရားအရ နှစ်ဖက်စလုံး ပယ်ဖျက်ပြီးသလိုဖြစ်နေပါပြီ” ဟု ပူတင်က ပြောဆိုသည်။

ယခုကဲ့သို့ ရုရှားခေါင်းဆောင်၏ ထုတ်ဖော်ပြောကြားမှုအပြီး ရုရှားနှင့်ပတ်သက်၍ အနောက်နိုင်ငံများမှ စိုးရိမ်မှုများ ပျံ့ပွားနေပြီး အနောက်နိုင်ငံများ၏ ယူကရိန်းအပေါ် စစ်လက်နက်ပစ္စည်းများထောက်ပံ့နေမှုကို အံတုလာနိုင်ပြီး ရုရှားအရေး လက်နက်ဖြင့် ဖြေရှင်းရန် လိုလားသူနိုင်ငံသားများမှလည်း စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်ရန် ထောက်ခံပြောဆိုခဲ့ကြသည်။

Related News

Depend on news