နမ့်ဖက်ကာတွင် စစ်တပ်၏ လက်နက်ကြီးကြောင့် အရပ်သားလူငယ်သုံးဦး သေဆုံး

Author ခေတ်နီ
Categories
Published on Oct 31, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး လမ်းသွားလမ်းလာ အရပ်သားသုံးဦး သေဆုံး​သွားကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ (၃၀) ရက်နေ့ ညနေပိုင်းတွင် နမ့်ဖက်ကာ ရပ်ကွက် (၂) ရှိ ပြည်ထောင်စုလမ်းမကို စစ်ကောင်စီတပ်၏ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အဆိုပါလမ်းမပေါ်ရှိ လမ်းသွားလမ်းလာများကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးထိမှန်မှု​ကြောင့် အသက် (၂၈) နှစ်၊(၁၉) နှစ်နှင့် (၁၈) နှစ်ရွယ် အရပ်သားသုံးဦး ကျည်ထိမှန်ခဲ့ပြီး တစ်ဦးပွဲချင်းပြီး သေဆုံးကာ နှစ်ဦးမှာ ဆေးကုသနေစဥ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိ ရသည်။

“လက်နက်ကြီးကွဲသံကြားပြီး လူနာသွားသယ် ဆေးရုံပို့တယ်ပေါ့ ၊တစ်ယောက်ကတော့ ပွဲချင်းပြီးပဲ နှစ်ယောက်ကတော့ ဆေးရုံမှာဆုံးတယ် ဘယ်တပ်က ပစ်တာလဲတော့မသိဘူး ကွဲသံကြားမှသိရတာ”ဟု မေတ္တာရှင်ပရဟိတ အသင်းတာဝန်ရှိသူမှ ဆိုသည်။

ထိုနည်းတူပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်ကလည်း နမ့်ဖက်ကာရပ်ကွက် (၄) ကို နမ့်ဖက်ကာအခြေစိုက် ခမရ ၁၂၃ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက်( ၇ )နှစ်အရွယ် ကလေးငယ်နှင့် အသက် ( ၃၀ ) အရွယ် အမျိုးသမီးတို့ ကျည်စထိမှန်သေဆုံးခဲ့ပြီး ငါးဦးထက်မနည်းလည်း ထိခိုက်မှုရှိခဲ့​သည်။

Related News

Depend on news