ဒဂုံဆိပ်ကမ်း ၈၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ပစ်ခတ်ခံရ အုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦးဒဏ်ရာရရှိ

Author ကိုပေါက်
Categories
Published on Nov 28, 2022

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ယနေ့ နံနက် ၉နာရီခန့်က အမည်မသိအမျိုးသားအဖွဲ့မှ ဧည့်စာရင်းတိုင်ချင်သည်ဟု ပြောဆိုကာ ရပ်ကွက်ဓမ္မာရုံအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့၍ သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

“ဓမ္မာရုံမှာ ဝင်ပစ်သွားတာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထိတယ် ရာအိမ်မှူးတစ်ဦးနဲ့ ရုံးအကူတစ်ယောက် ထိတယ် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးက အခြေအနေမကောင်းဘူး ဆီးခုံတွေကို ထိသွားတာ ရုံးအကူက သိပ်မစိုးရိမ်ရဘူး”ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အုပ်ချုပ်ရေးမှူးဦးကျော်သန်း၊ ရာအိမ်မှူး ဦးစန်းလှိုင်နှင့် ရုံးအကူ ကိုအောင်နိူင်သူတို့ဖြစ်ပြီး စစ်ကောင်စီတပ်က ဆေးရုံသို့ လူနာတင်ယာဥ်ဖြင့် ခေါ်ဆောင်သွားသည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

“ဆေးရုံကတော့ စစ်တပ်က လူနာတင်ယာဥ်နဲ့ပို့လိုက်ပြီ ရပ်ကွက်မှာတော့ စစ်နေတယ် လမ်းသွားလမ်းလာတွေနဲ့ ဆိုင်ကယ်တွေကို”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်တွေက ၈၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၊ဓမ္မာရုံနှင့် ရွှေလီ ၅ လမ်း၌ ကားဆိုင်ကယ်နှင့် လမ်းသွားလမ်းလာများကို စစ်ဆေးနေကြောင်း ရပ်ကွက်နေသူတွေဆီက သိရသည်။

ဓာတ်ပုံ- လူမှုကွန်ရက်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဒဂုံဆိပ်ကမ်းမြို့နယ် #အုပ်ချုပ်ရေးမှူး #ပစ်ခတ်မှု

Related News

Depend on news