ညောင်လေးပင်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် KNLA တပ်ဖွဲ့ဝင်နှင့် အရပ်သားများဒဏ်ရာရပြီး ကျောင်းနှင့် နေအိမ်များပျက်စီး

Author ခေတ်နီ
Categories
Published on Oct 18, 2023

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် KNLA တပ်ဖွဲ့ဝင်နှင့် အရပ်သားအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုမှ ထုတ်ပြန်သည်။

KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဥ်များအသုံးပြုကာ လယ်ထူးလူနှင့် ကဒီးစူဒေနေရာများအပါအဝင် နေရာလေးခုထက်မနည်းကို ဗုံးကိုးကြိမ်ထက်မနည်းကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU ထုတ်ပြန်ချက်က ဆိုသည်။

ထိုတိုက်ခိုက်မှုများကြောင့် ပြည်သူပိုင်အဆောက်အအုံ သုံးလုံး၊ အရပ်သားနေအိမ်သုံးလုံးနှင့် ကျေးရွာစာသင်ကျောင်းတစ်ကျောင်းပျက်စီးခဲ့ရပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)မှ တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က ဆိုသည်။

စစ်တပ်လေကြောင်းတိုက်ခိုက်မှုများကြောင့် လယ်ဒိုမြို့နယ်အထက်တန်းကျောင်း၊ Klerlweehtu Junior College၊ လယ်ဝါးအလယ်တန်းကျောင်း၊ ကွီးလားအလယ်တန်းကျောင်း၊ ပယ်ဝါးဒဲ မူလတန်းကျောင်းနှင့် ခေါလိုကလိုး မူလတန်းကျောင်း စသည့်ကျောင်းများကိုလည်း ယာယီပိတ်ထားခဲ့ရပြီး အနီးအနားကျေးရွာဒေသခံများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

Related News

Depend on news