စစ်အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ဆန္ဒပြလို့ဖမ်း‌ခံခဲ့ရသည့် ကျောင်းသား(၄)ဦး ပြန်လည်လွတ်မြောက်

Author ခေတ်နီ
Categories
Published on Oct 07, 2022

စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း မန္တလေးတက္ကသိုလ်ရှေ့တွင် ပထမဆုံးဆန့်ကျင်ဆန္ဒပြခြင်းကြောင့် ဖမ်းဆီးခံရသည့် လူငယ် ၄ ဦး လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာပြီဟုရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ လူငယ် ၄ ဦးဟာ စစ်အာဏာသိမ်းပြီး ၄ ရက်အကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့မှာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းပထမဆုံး ဆန္ဒပြလှုပ်ရှားခဲ့လို့ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံခဲ့ရတာပဲဖြစ်သည်။

လွတ်မြောက်လာသူများဟာ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) အဖွဲ့ဝင် ကိုမင်းညီညီကွန်း၊ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင်ဟောင်း စောဥက္ကာမင်းနှင့် တက်ကြွလှုပ်ရှားသူများဖြစ်သည့် ကိုပြည့်စုံအောင်နှင့် ကိုရဲဝင်းထွန်းတို့ပဲဖြစ်သည်။

၎င်းတို့၄ ဦးဟာ စစ်ကောင်စီရဲ့ ငြိမ်းစုစီဥပဒေပုဒ်မ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မများနှင့် တရားစွဲကာ ထောင်ဒဏ် ၂ နှစ်နီးပါးချမှတ်ခံရပြီးနောက် ယနေ့အောက်တိုဘာလ ၇ ရက်နေ့မှာ အိုးဘိုအကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြတာပဲ ဖြစ်သည်။

Related News

Depend on news