စက်တင်ဘာလအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ကျပ် သန်း ၂၇၀ ကျော်ထောက်ပံ့ခဲ့ဟု NUGဆို

စက်တင်ဘာလအတွင်း လူသားချင်စာနာမှုဆိုင်ရာ အကူအညီ ကျပ်သန်း ၂၇၂သန်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ မီးရှို့ဒဏ်ခံပြည်သူများ၊ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည်ဟု ထင် သော နေရာသို့ ထွက်ပြေးခိုလှုံကြသည့် ပြည်သူများ၊ တော်လှန်းရေး၌ပါ၀င်ရင်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးသူများ၏ မိသားစု ၀င် များ ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအ၀င် ထိခိုက်လွယ်အုပ်စုများ၊ နိုင်ငံရေးအကျဉ်းသားများနှင့် လူသားချင်းစာနာမှုအကူအညီ လိုအပ်သူများကို NUG က ကူညီခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။
ထောက်ပံ့မှုများကို စစ်ကောင်စီ၏ အတားအဆီး ကြားမှ ဘေးဒုက္ခခံစားနေရသည့် ပြည်သူများလက်၀ ယ် ရောက်ရှိရန် ဒေသခံမိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ်များ၊ စေတနာ့၀န်ထမ်းပြည်သူများက ကူညီဆောင်ရွက်ပေးကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ ကူညီမှုများသည် ပြည်သူမှ ပြည်သူသို့ ထောက်ပံ့ခြင်းဖြစ်ပြီး၊ နိုင်ငံတကာမှ လူသားချင်းစာနမှု အကူအညီများ ရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်းနေကြောင်း ထုတ်ပြန်ထားသည်။